Sunday 31 July 2011

ရွာသူကြီးတွေကိုကြည့်

မြန်မာပြည်အစိုးရတို့က ပြည်သူတို့ လိုက်လျော့ကျင့်ကြံပြည်သူတို့ကို ညှာတာလိုသော သဘောရှိမရှိကိုသိလျှင် လွန်ခဲ့သော အနည်းငယ် ရက်အတွင်းက ကျေးလက်တိုက်နယ်အဖွဲ့ပြု၍ အုပစိုးခြင်းနည်း ဥပဒေတွင် ရွာသူကြီးများတို့သည် ဒိစကြိတ်နယ်အဖွဲ့တွင် ပါဝင်ရသော် ရွာသူကြီးရာထူးမှ နှုတ်ထွက်ရမည်ဖြစ်ခြင်းကြောင့် ဒိစတြိအဖွဲ့သို့ မဝင်လိုကြကြောင့်နှင့် သိရသည်ဖြစ်၍ ထိုဒိစတြိအဖွဲ့သို့ ရွာသူကြီးများကလက်ရှိရွာသူကြီးရာထူးကို မစွန့်လွှတ်ရအောင် ၎င်းရွာသူကြီးများစွာတို့ကို အစိုးရက တိုက်နယ်နှင့်ဒီစကြိတ်အဖွဲ့သို့ လွှတ် သွင်းတင်မြှောင်ခန့် ထားနိုင်ရန် ၎င်းဥပဒေကို အတည်မပြုခင် ပြည်ဆင်ဖြည့်စွက်ပြန်၏။

ဤအကြောင်းကိုထောက်သော် ဂျီ၊ ဘီ၊ အေ ၏ မှုဆောင်ကော်မတီလူကြီးများက ထိုကျေးလက်တိုက်နယ်အဖွဲ့သို့ ဝင်ရောက်ရေးနှင့်ပတ်သတ်၍ ထို ဂျီ၊ စီ၊ ဘီ၊ အေ မူဆောင်အဖွဲ့မှ ထွက်လျှင်၎င်း ၊ ဂျီ၊ စီ၊ ဘီ၊ အေ ၏ အမိန့်ပင်လျှင် ထိုပုဂ္ဂိုလ်များနှင့် မသင်းအချို့တို့က ဖီဆန်ရန်အသင်ရှိကြပါလျှက် ဖြစ်နေခိုက်တွင် အစိုးရများက ယခုကဲ့သို့ ကျေးလက်တိုက်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး၏ အရေးအကြီးဆုံးဖြစ်သော (ရွာသူကြီး) ကိစ္စကို ဥပဒေပြင်ဆင်ရန် စီမံသဖြင့် ထိုဂျီ၊ စီ၊ ဘီ၊ အေ က ထွက်သောအမူဆောင်လူကြီးတို့နှင့် အသင်းသားအချို့တို့၏အခြေကို အားပေးချီးမြှင့်အောင်မြင်အောင်မလုပ် မနေကျပ်အထိုင်ကျပ် မကြံတတ်အောင် ကပျက်ကယက် လုပ်ရာရောက်ချေသည်။

ထိုကျေးလက်တိုက်နယ် အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်ချက်သွင်းရန် စီမံချက်ကို ဇူလိုင်လ ၂၅ -ရက်နေ့ မြန်မာပြည် ဥပဒေ မင်းတိုင်ပင်ဥပဒေပြုအဖွဲ့ အစည်းအဝေးတွင် အတည်ပြုရန် တင်သွင်းလိမ့်မည်။ 

ရန်ကုန်တိုင်းသတင်းစာအဆိုမှာ ကျေးလက်တိုက်နယ်အဖွဲ့အတွက် ဥပဒေအရဆောင်ရွက်ရန် ခဲ့ယဉ်းခြင်းကို တွေ့မြင်သိရှိရခြင်းကြောင့် ၎င်းဥပဒေ ပြင်ဆင်ချက်များကို ထပ်မံစီမံရပြည်သည်ဖြစ်ကြောင်း။ 

၎င်းပြင်ဆင်ချက်တို့မှာ ဌာနသုံးပိုင်း ကွဲပြားခြားနားရှိကြောင်း။

ပထမအချက်မှာ ကျေးရွာတို့က နယ်နှင့်ဒိစတြိတ်အဖွဲ့သို့ ဝင်ရောက်ရန်လူကြီး ရွေးကောက်ခြင်း မရှိခဲ့သော် အစိုးရက ရွေးကောက်တင်မြှောက်ခန့်ထားနိုင်စေခြင်း အလို့ငှါ၎င်း။

ဒုတိယအချက်မှာ ဒိစတြိတ်အဖွဲ့မှ ဆေးရုံကော်မတီအဖွဲ့ ကို၎င်း၊ တတိယအချက်မှာ ဥပဒေပုဒ်မအသ်းဖြစ်၍ ရောဂါဆိုး ပေါ်ပေါက်လာသော အခါ အရေးပိုင်မင်းကို အရေးယူ၍ အဆော့တလျင် စီမံနိုင်ခြင်း အလို့ငှါဖြစ်ကြောင်း။

အချို့သော ကျေးရွာစုများက ထိုကောင်စီသို့ဝင်ရန် လူကြီး ရွေးကောက်ခြင်းမပြုဘဲ နေကောင်းနေကြလိမ့်မည် ဖြစ်ကြောင်း။

အကယ်၍ ထိုသို့ရွေးကောက်လိုသော်လည်း ရွာသူကြီးတို့သည် ဒိစတြိတ်ကောင်စီသို့ ဝင်လျှင် မိမိလက်ရှိရာထူးကို စွန့်လွှတ်၇မည်ဖြစ်၍ လက်ရှိရာထူးကို မစွန့်လွှတ်လိုခြင်းကြောင့် ကောင်စီသို့ မဝင်လိုကြောင်း ငြင်းဆန်ကြပေလိမ့်မည်။

ယခု တည်ပြီးသောဥပဒေမှာ မြူနီစပယ်ဥပဒေများကဲ့သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လူကြီးများနေရာ၌ လစ်လပ်ခဲ့သော် အစိုးရက လူကြီးတင်မြှောက်ခန့်ထားနိုင်သော အခွင့်အဏာ မပါမရှိသည်ဖြစ်၍ အစိုးရတို့ကထိုသို့ တာဝန်ခံကောင်စီလူကြီး မစုံမလင်သော ဒိစတြိတ်အဖွဲ့ကိုပင်လျှင် တည်ထောင်ရမည်ဖြစ်သည်။

သို့မဟုတ် ဥပဒေပြု မင်းတိုင်ပင်ကောင်စီ သဘောတူချက်ကို တောင်းယူ၍ ဒိစတြိတ်အဖွဲ့ကို မတည်ထောင်ရသေးမူ၍ နေ့ရက်ကန့်သတ်ခြင်း ကာလအပိုင်းအခြားမရှိဘဲ ရွေ့ဆိုင်းထားရလိမ့်မည်။

တောကျေးလက်များအရေး

ဥပဒေပုဒ်မ (၈) ကိုပြင်ဆင်ချက်အကြမ်း စည်းကမ်းမှာ ဒိစတြိတ်ကောင်စီအတွက် လူကြီးရွေးကောက်တင်မြှောက်ခြင်းမရှိ၍ ရွာသူကြီးကို အစိုးရက ထိုဒိစတြိတ်ကောင်စီသို့ ရွေးကောက်တင်မြှောက်ခန့် ထားခဲ့မူ ထိုရွာသူကြီးတို့သည် မိမိတို့လက်ရှိ ရွာသူကြီးရာထူးမှ နှုတ်ထွက်ရန်မလို။ 

အကယ်၍ ကောင်စီအတွက် လူကြီးမင်းရွေူးကောက်ခြင်းကြောင့် အစိုးရရွာလူကြီးများကို တင်မြှောက်ခန့်ထားစေသည်ဖြစ်စေ၊ ထိုသို့ခန့် ထားခြင်းရွေးကောက်တင်မြှောက်ခြင်းခံရသော ရွာလူကြီးများတို့သည် မိမိရာထူးကို စွန့်လွတ်ရမည်ဆိုသော ထိုကောင်စီတို့အတွက် လူကြီးရဖို့ပင် မဖြစ်နိုင်တော့ပေ။

အမိန့်နံပါတ် (၃) တွင် ကျောက်ပေါက်ရောဂါ၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါတို့အတွက် တာဝန်ယူ၍ ဆောင်ရွက်ရေးသည် ဒိစတြိတ်အဖွဲ့နှင့်တစုံတရာမဆိုင်ကြောင်းကို ဆိုထားလေသည်။

ထိုအမိန့်ပုဒ်မ (၃) ကိုထိုဥပဒေမှ ထုတ်နှုတ်ပယ်လိုက်ပါက ဒိစတြိတ်အဖွဲ့သည် ထိုရောဂါတို့အရေးအတွက် ဆောင်ရွက်ရပေလိမ့်မည်။ 

ယင်းသို့ပင်ဖြစ်သော်လည်းကောင်စီအစည်းအဝေးသည် တကြိမ်နှင့်တကြိမ် စည်းဝေးရန်ကာလ ဝေးခြားလှသောကြောင့် ရုတ်တရက်ပေါ်ပေါက် ကူးစက်ပြန့်ပွားလာသော ဂေါဂါဆိုးတို့ကို ကာကွယ်နှိမ်နင်းရန် ခက်ခဲပေလိမ့်မည်ဖြစ်ကြောင်း ထိုသို့အရေးအကြီး ပေါက်ပေါက်လာသော ရောဂါဆိုးကို အရေးပိုင်မင်းက စီမံနိုင်သော အခွင့် အာဏာ ရရှိစေရန် ပုဒ်မ ၉၅ (က) အရပြင်အင်ချက် ပြုလုပ်ထားရပေသည်။

ထိုရောဂါဆိုးတို့ကို ကာကွယ်တွန်းလှန်ရန်အတွက် စရိတ်ကြေးငွေတို့ကို ဒိစတြိတ်အဖွဲ့ကော်မတီတို့က အထူးသတိပြု၍ ကျေးရွာများကို သန့်ရှင်းအောင် ထိုကောင်စီအဖွဲ့ကော်မတီတို့က အထူးသတိပြု၍ စီမံကြရပေလိမ့်မည်။ 

ဤသို့ လျှင် ရန်ကုန်တိုင်းသတင်းစာတွင် ပါရှိလေသည်။

ဒါတွေကို ဖိကြနှိပ်ကြအမိန့်

ဇူလိုင်လ ၁၁-ရက်နေ့ ရန်ကုန်ဂေဇက် သတင်းစာတွင် ဖော်ပြသော မြန်မာပြည်အစိုးရတို့၏။

“ရီဆော် လျူး ရှင်း” ခေါ်ဆုံးဖြတ်ချက် အမိန့်တော်ပြန်တမ်းမှာ အစိုးရတို့၏ စိတ်နေသဘောထားကို ထင်ရှားစွာမြင်နိုင်ပေသည်။ ၎င်းအမိန့်တော်ပြန်တမ်းက ဤသို့ဆို၏။ 

အနောက်တိုင်းသားတို့၏ “ဒီမိုကရေစီပိုလစ်တစ်” နည်းစနစ်သည်ကား အစိုးရတို့၏ အုပ်ချုပ်ရေး နည်းနာကို၎င်း၊ ကယ်ဘီနက်မင်နစ်စတာ ခေါ် စိုးမိုးအုပ်ချုပ်သော နန်းရင်းဝန်အမတ်ကြီးတို့၏ ပြုမူရန်နည်းစနစ်ကို၎င်း၊ ခုခံဆူပူ အော်ဟစ်လှုပ်ရှားကြသည်မရှိ။ 

အစိုးရ၏ အက်စီကြူတစ်ခေါ်အမှုဆောင်တို့၏အမိန့်ကို ဖီဆန်ခြင်း၊ ထိုအမိန့်တို့သည် နည်းလမ်းကျ၏၊ မကျ၏ဟု စုံစမ်းမေးမြန်းခြင်းကိုမပြုကြချေ။

အိန္ဒိယနှင့်မြန်မာပြည်များ၌ကား ၎င်းကဲ့သို့မဟုတ်။ 

ထိုသို့မဟုတ်သော အရင်းမူလအကြောင်းကိုကား ဖွင့်ထုတ်မြွက်ဆိုရန်မလို။ 

ဤပြည်များ၌ကား အစိုးရအရာရှိများ၏ အမိန့်အာဏာကို ဖီဆန်ကြခြင်း၊ ရွာလူကြီးများသို့ သော အစိုးရအလုပ်ဝတ္တရားကို ဖီဆန်ကြခြင်းတို့ဖြင့်သာ အစိုးရ၏အုပ်ချုပ်ပုံနည်းစနစ်ကို မကြိုက်နိုင်ကြောင်း ပြောဆိုဆူပူ လှုပ်ရှားလာကြလေသည်။

ပြည်သူပိုင်အစိုးရတို့က ကျေးရွာဥပဒေများကို ပြင်ဆင်ရအောင်ပြည်သူတို့က တရားသဖြင့် ဆူပူလှုပ်ရှားခြင်းကိုကား တစုံတရာ အနှောင့်အယှက် တားဆီးကန့်ကွက်ခြင်း ပြုလိမ့်မည်မဟုတ်။

ယခုအခါ ကျေးရွာ ဥပဒေကို ပြင်ဆင်ပြောင်းလဲရန်အချိန် ရောက်လေပြီးမဟုတ်သေးဟု အချို့သော အရာရှိတို့က ဆင်ခြင်သဘောရကြသည်။ 

ကျေးရွာသူကြီးများ၏ အမိန့်အာဏာကို မရိုမသေ မထိမဲ့မြင်ပြုကြခြင်း ရွာသူကြီးတို့သည် ပြည်သူနှင့်ပူပေါင်း၍ အစိုးရနှင့် ဆန့်ကျင်ဘက် ပြုလုပ်ကြခြင်းများသည် မြန်မာပြည်တွင်ဥပဒေသေဝပ်တည်တံ့ခြင်း ပြည်ရွာအေးချမ်း ငြိမ်သက်ခြင်းတို့၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရာကျခြင်းကြောင့် ထို့သော အလုပ်တို့ကို ဒိစတြိတ်အရာရှိတို့က စွမ်းအားရှိသမျှ ဖိနှိပ်ချိုးဖျက်ကြပေမည်ဟူ၍ ဆိုထားခဲ့သည်။ 

အစိုးရတို့က အဘယ်သို့သောနည်းနှင့် ထိုအစိုးရတို့နှင့် ပေါင်းသင်းဆက်သွယ်၍ ပြည်ကျိုးချမ်းသာကို ဆောင်ရွက်နိုင်ပါအံ့နည်း။

အိန္ဒိယပြည်တွင် အစိုးရနှင့်ပူးပေါင်းမှ ပြည်ကျိုးချမ်းသာခွင့် ရနိုင်မည်ဟု အယူသည်းလှသော မောဒရိတ် ခေါ်အလိုတော်ရိတို့ပင်လျှင် မိမိတို့၏ သည်းလှသောအယူ မှားနေကြောင်းကိုသိ၍ စိတ်ပျက်လက်ပျက် လက်လျှော့ခဲ့ကြလေပြီ။ 

အလဟာဘက်မြို့ “လီးဒါး” ခေါ် သတင်းစာက အလိုတော်ရိမင်းတိုင်ပင်အမတ်များ လခစားတာဝန်ခံအမတ်များဘက်မှ ခုခံ၍ရေးသားသည်မှာ ထိုအမတ်တို့သည် အစိုးရတို့ ထုတ်ပြန်ထားသော ဖိနှိပ်ခြင်းအမိန့်အာဏာ စည်းစနစ်တို့နှင့်မဆိုင်ကြောင်း။

ထိုအမတ်နှစ်မျိုးတို့သည် အစိုးရ၏ဖိနှိပ်ခြင်း၊ အုပ်ချုပ်ရေးတွင် ဝင်ရောက်၍ တစုံတရာ စွက်ဖတ်ပြောဆိုနိုင်ကြသည် ဤသို့ဆိုထား၏။